Chat with us, powered by LiveChat

Ministry of Education

ရည်မှန်းချက်နှင့်မျှော်မှန်းချက်များ

 (က) ရည်ရွယ်ချက်

            မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု နိုင်သော အသိပညာရှင်၊ အတတ်ပညာရှင်များမွေးထုတ်နိုင်သည့် တက္ကသိုလ်တစ်ခုပေါ်ပေါက်လာစေရန်မျှော်မှန်းပြီး၊ မြင်းခြံဒီဂရီကောလိပ်ကို (၁၁-၂-၂၀၀၄) ရက်တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ပါသည်။ ဤတက္ကသိုလ်သည် လွတ်လပ်စွာပညာသင်ကြားခြင်း၊ အမှန်တရားကိုရှေ့ရှုခြင်း၊ အသိပညာ၊ အတတ်ပညာတီထွင် ဖန်တီးခြင်း နှင့်သုတေသနဆောင်ရွက်ခြင်းတို့ အပေါ်တွင် အခြေခံ၍ လူ့ဘောင်အဖွဲ့အစည်း အစဉ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန် ရည်ရွယ်ပါသည်။

(ခ) မျှော်မှန်းချက်            

နိုင်ငံသူ၊ နိုင်ငံသားများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် ကောင်းမွန်သော အနာဂါတ်ကိုဖန်တီး နိုင်ရန် ၊ ပညာရပ်နယ်ပယ်တူသည့် တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အသိပညာမြင့်မားပြည့်စုံသော ​ကျောင်းသား၊ကျောင်းသူများပေါ်ထွန်းလာစေရန်အတွက် အရည်  အသွေးပြည့်မီသောအဆင့်မြင့်တက္ကသိုလ်အဖြစ် ရေရှည်တည်တံ့ရန် မျှော်မှန်းပါသည်။