(၁) ဖွဲ့စည်းဖြစ်ပေါ်လာပုံနောက်ခံသမိုင်း
နောက်ခံသမိုင်း၊တည်ထောင်သည့်ခုနှစ်၊တည်နေရာ
နောက်ခံသမိုင်း
မြင်းခြံဒီဂရီကောလိပ်၏ဖွဲ့စည်းပုံကို၂၀၀၁ခုနှစ်၊ဇွန်လ(၉)ရက်တွင်ခွင့်ပြုထားပြီးဖြစ်သော ဗန်းမော်ဒီဂရီကောလိပ်၏ဖွဲ့စည်းပုံအတိုင်းကျောင်းသားဦးရေ (၅၀၀၀)လျာထားပြီး ဖွဲ့စည်း ရေးဆွဲထားခဲ့ခြင်းဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာန၏( ၁၄-၅-၂၀၀၃)ရက်စွဲပါစာအမှတ် (၂၅ပညာ၂(စ)၂၀၀၃(၅၊၆)အမိန်ကြော်ငြာစာ)ဖြင့်အရာထမ်း(၂၇၁)နေရာ၊အမှုထမ်း(၄၈၃) နေရာ၊စုစုပေါင်း(၇၅၄ )နေရာဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။
တည်ထောင်သည့်ခုနှစ်
မြင်းခြံဒီဂရီကောလိပ်ကို၂၀၀၄ခုနှစ်၊ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင်စတင်တည်ထောင် ခဲ့ပါသည်။
တည်နေရာ
မြို့နယ် – ရွာစည်ကျေးရွာ၊မြင်ခြံမြို့နယ်
တိုင်းဒေသကြီး/ပြည်နယ် – မန္တလေးတိုင်းဒေသကြီး
အရှေ့လောင်ဂျီကျု – ၉၅°၂၂”၅၃”
မြောက်လတ္တီကျု – ၂၁°၂၅” ၁၈”